မြန်မာ့ မြန်မာ့ ရုပ်ရှင် ...
မနေ့က ပျင်းပျင်းရှိနေတာနဲ့ပဲ
မကြည့်ဖြစ်တာ ကြာတဲ့ မြန်မာဗီဒီယိုဇာတ်ကားတစ်ကားကို... အင်တာနက်ကနေ ဒေါင်းပြီး
ကြည့်မိတယ်။ အဟဲ... ကျနော်ကပဲ သေချာကြည့်တတ်သူမဟုတ်လို့လားမသိ
တော်တော်ဖြစ်ကတတ်ဆန်းနိုင်တဲ့ မြန်မာဗီဒီယိုဇာတ်လမ်းတွေရဲ့
သောက်သောက်လွဲမှားနေတာကို တွေ့ရတယ်...။ အဲ့တော့ ငယ်ငယ်က ကျနော် အဖေပြောတဲ့
စကားတစ်ခွန်းတောင် ကြားယောင်မိသေး။ မင်းဗီဒီယိုကြည့်ရင် မြန်မာကားတွေ မကြည့်နဲ့တဲ့...
ကြည့်ရတာမတန်ဘူးတဲ့..။ အချိန်ပေးရခြင်းအတူတူ အင်္ဂလိပ်ဇာတ်လမ်းပဲကြည့်
အင်္ဂလိပ်စကားလည်း တိုးတက်တယ်တဲ့..။ ကျနော်လဲ အဲ့တုန်းက ဘာဆိုလိုမှန်းမသိ။
အင်္ဂလိပ်ဇာတ်ကားကြည့်ခိုင်းတော့ ကြည့်ပါတယ်.. အဟီး.. ပါဝါရိန်းဂျားကားလေ.. သိပ်ကြိုက်..
ခုထိအချိန်ရရင် ကြည့်တုန်း...း) ဟဲဟဲ..။ ခုတော့ အဲ့ဒါဘာကိုဆိုလိုမှန်း
သဘောပေါက်ပြီ။ တခါတလေလေး ကြည့်မိပါတယ်.။ ပြောစရာကို မကုန်တော့.. ဇာတ်လမ်းစ
အဖွင့်ကိုကြည့်... ၁၉၉ဝခုနှစ်၊ ပဲခူးမြို့တဲ့..။ ယခု ၂ဝ၁ဝ ဆိုတော့
လွန်ခဲ့တဲ့ ၁၉ နှစ်ကျော်ကျော်လောက်ကပေါ့နော်။ ကဲ စလာပါပြီ.။ အဲမယ်.. အဖွင့်လေးကိုက
မြန်မာဝီစကီ ဂရမ်းရွှိုင်ရယ်ကို ဇာတ်ဝင်ခန်းထဲက ဗီလိန်က ကစ်နေတာဗျ..။တစ်ခု
မသိလို့ပါနော်.. ၁၉၉ဝခုနစ်က ဂရမ်းရွိုင်ရယ် ဝီစကီ ပေါ်နေဘီလား။။ အဲ့ဒီအချိန်မှာပဲ
မင်းသမီးက ကားနဲ့ ခြံထဲကို ဝင်ချလာပါရော...။ ကြည့်လိုက်တော့ ကားက ပါရာဒို
ဖြစ်နေရော... မသိလို့ပါ။ ၁၉၉ဝ ခုနှစ်နော်... အဲ့တုန်းကကော ပါရာဒိုကားတွေ
တို့ရွှေမြန်မာပြည်ကို ရောက်နေပီလား... မင်းသမီးကလည်း ဆံပင်တောင် ဖမ်းကောက်ထားသေးတယ်..
အဟိ..။ ဒီလိုဆိုတော့ မင်းသားကို ကြည့်လိုက်ပါဦး.. ဆံပင်တောင်ဆိုးထားသေး။ သူက
လမ်းပတ်လျှောက်တဲ့ ဇာတ်ဝင်ခန်းမှာ အဟီး... မြန်မာဘီယာဆိုင်းဘုတ်တွေနဲ့ အေဘီစီ
ဘီယာကြော်ငြာဆိုင်းဘုတ်တွေ... အဲ့တုန်း မြန်မာ၊ အေဘီစီ ဘီယာတွေ ပေါ်နေဘီလား။ ၁၉၉ဝ
နော်..။ နောက်ဆုံး ဆက်တင်ဖွဲ့တဲ့ အခန်းတခန်းမှာ ရဲစခန်းပုံလုပ်ထားတာနော်။။
အရမ်းလွဲနေတယ်။ အိမ်အခန်းထဲမှာ လုပ်တာ အရမ်းသိသာတယ်။ ကင်မရာကို တမျိုးထဲချိန်ပြီး
ဘယ် ရ.ယ.က ရုံးက ကျောင်သင်ပုန်းကြီး ငှားပြီး ထောင်ထားလဲမသိ။ ပြီးတော့ ပလပ်စတစ်
ရယ်ဒီမိတ်ခုံတွေ သိတယ်မဟုတ်လား။ နောက်ဆုံးအခန်း မင်သားက ထောင်ကျသွားတယ်.. အချုပ်အခန်းထဲမှာပေါ့..
အမယ်.. မင်းသားကို ဆက်သလိုက်မီးရောင်စုံနဲ့ ထွန်းပြသေး..။ ကလပ်တွေမှာ ထွန်းတဲ့
အရောင်မျိုးတွေပေါ့ဗျာ။ ဒီတော့ အဲ့ဒီခုနစ်ကထောင်တွေမှာ စတပ်လိုက်မီးတွေ
ထွန်းနေကြပီလား။ အဟီး။ ထောင်သားတွေ ကလို့ရအောင်လေ။ ၁၉၉ဝ ခုနှစ်ကတဲ့နော်။
မိတ်ဆွေတို့က အနည်းအကျဉ်းလောက်ပဲ ထောက်ပြသေးတာ။ ကမ္ဘာပေါ်မှာ (Movies Mistakes Awards) အမှားအများဆုံး ဇာတ်ဝင်ခန်း ပြိုင်ရင်တော့.. အဟိ.. တို့မြန်မာ
ဇာတ်ကားတွေ ပထမဆုရမလားမသိဘူး။ တခါတခါ လာသေးသဗျ.. လူလေး လေးငါးခြောက်ယောက်လောက်ကို ခြံဝန်းတစ်ခုထဲ
လှည့်ပတ်ရိုက်ပြီး ပီးသွားကော။ ဆေးရုံထဲက အခန်းလဲ။ ဒီနေရာပဲ..။ ဘာတွေတိုးတက်နေလဲတော့မသိ။
ကြည့်ရတာ တစက်မှာယုတ်တိမရှိ။ မြန်မာပြည်ရှိ မိန်းကလေးတော်တော်များများကတော့
မြန်မာကားဆို တော်တော် ကြိုက်ကြတယ်ဗျ။
အခွေဆိုင်ကို သွားကြီး ဟိုမင်းသားရဲ့ ဟိုအခွေလေးထွက်ရင် ချန်ထားပေးပါဦး။ ဘာဦး ညာဦးပေါ့ဗျာ။
သူတို့တော့ ဘာများကြည့်ကြလည်း မသိဘူး။ မင်းသား၊ မင်သမီးကြိုက်လို့ ဒီလောက် ယုတ်တိ
မရှိတဲ့ကားတွေကို ပိုက်ဆံကုန်၊ အချိန်ကုန်ခံပြီး ကြည့်တယ်။
ဘာလို့မြန်မာဗီဒီယိုဇာတ်လမ်းတွေ ဒီလိုဖြစ်နေတာလဲ နားလည်ပါတယ်။








ဖြစ်သလိုကြိုးစားရင်းနဲ့... လောကကြီးကို ဖြစ်သလိုကြည့်တတ်တဲ့
တေလေငှက်တစ်ကောင်ပါ။ လွတ်လပ်ခြင်းကို မြတ်နိုးပါတယ်။